Episode Synopsis "ကာတွန်းတွေအကြောင်း နည်းနည်းပါ "
ကာတွန်းတွေအကြောင်း နည်းနည်းပါ ကာတွန်းတွေဟာ ခေတ်ရဲ့ ပြောစကားတွေပါပဲ။ ကာတွန်းဦးဘဂျမ်းတို့လက်ထက်ကနေ ခုအာဏာရှင် စနစ်အထိ ကာတွန်းတွေ ဆီကနေ ဖွင့်ဟပြောဆိုလာတဲ့ ပုံရိပ်တွေနဲ့ စကားလုံးတွေဟာ ခေတ်ကို ပြောပြဖို့ ကြိုးစားနေကြတဲ့ အနုပညာပါပဲ။ ကာတွန်းဆရာတွေဟာ ခေတ်ကို မျက်ခြေမပြတ်ဘူး။ ခေတ်ကိုစောင့်ကြည့်တယ်။ ခေတ်ကို ဝေဖန်မျက်လုံးနဲ့ကြည့်ရှု့တယ်။ခေတ်ကို ရင်ဘတ်နဲ့ခံစားတယ်။ ခေတ်ကို ကာတွန်းတွေအဖြစ်နဲ့ ပြန်လည်သွန်ချထုတ်ဖော်လေ့ရှိပါတယ်။နိုင်ငံတစ်ခုရဲ့ အသိဉာဏ်ရေချိန်နဲ့ခေတ်စနစ်တွေကိုလေ့လာချင်ရင် ကာတွန်းတွေကို ကြည့်ရင် သိနိုင်ပါတယ်။ ဒီနိုင်ငံဟာ ဖွံ့ဖြိုးတိုးတက်နေတဲ့နိုင်ငံလား၊ဖွတ်ကြောပြာစုဖြစ်နေတဲ့နိုင်ငံလား။လူ့အခွင့်အရေးကိုဦးစားပေးတဲ့နိုင်ငံလား။ဒီမိုကရေစီနိုင်ငံလား။အာဏာရှင်နိုင်ငံလား။ နိုင်ငံသားတွေရဲ့ နိုင်ငံရေးရေချိန်မြှင့်နေသလား သိချင်ရင် ကာတွန်းတွေကို လေ့လာကြည့်ပါ မိတ်ဆွေ။ ကျနော်တို့ မပြောနိုင်တဲ့ စကားလုံးမျိုး၊ကျနော်တို့ မမြင်နိုင်တဲ့ ရှု့ထောင့်မျိုးကို ကာတွန်းတွေကနေ တစ်ဆင့်ပြောပြနေပါတယ်။ ကာတွန်းတွေဟာ ကလေးဘဝ၊ကြီးကောင်ဝင်စအရွယ်၊လူပျိုပေါက်နဲ့ အသက်အရွယ်အိုမင်းလာချိန်အထိ ကျတော်တို့ကို စွဲဆောင်နေပါတယ်။ ဒီစာသားကို ဖတ်မိလို့ ကာတွန်းဆရာတစ်ယောက်ယောက်ရေးဆွဲတဲ့ ကာတွန်းတစ်ကွက်၊ကာတွန်းဇာတ်ဆောင်တစ်ကောင်ရဲ့ ပုံရိပ်ကို မိတ်ဆွေတို့ မျက်လုံးထဲမှာ မြင်ယောင်သွားမိမယ်ဆိုရင် အဆိုပါပုံရိပ်ဟာ မိတ်ဆွေတို့ရဲ့ နှလုံးသားနဲ့အသိဉာဏ်မှာ မှီတွယ်နေတဲ့ ကာတွန်းပုံရိပ်ဖြစ်ပါတယ်။ အဆိုပါ ပုံရိပ်ကို ထပ်တွေးကြည့်ပါ။ ဘာကြောင့် ဒီကာတွန်းဖြစ်နေရပါသလဲလို့ မေးခွန်းထုတ်ကြည့်ပါ။ ရလာတဲ့ အဖြေဟာ ကျနော်တို့နဲ့ ကာတွန်းကြားက တစ်ကိုယ်ရည်စာ အဓိပ္ပာယ်အမျိုးမျိုး ဖွင့်ဆိုပြောပြနိုင်တဲ့ တစ်ဦးဆိုင်အဖြေပဲ ဖြစ်နေပါလိမ့်မယ်။ ဒီမိုကရေစီယဉ်ကျေးမှု ထွန်းကားတဲ့အရပ်မှာ ကာတွန်းတွေ ရှင်သန်နိုင်ပါစေ။ စောဝဏ္ဏ ၈.၆.၂၀၂၁ ၃:၃၀ မိနစ်(မနက်)
Listen "ကာတွန်းတွေအကြောင်း နည်းနည်းပါ "
More episodes of the podcast Saw Wunna's Podcast
- ရန်ကုန်ဟာ သွေးအေးနေပြီလား
- One Plate Policy
- *ကျနော်တို့အခန်းနာမည်က ပြန်ဆုံမယ့် အနောက်စကားဝိုင်း*
- ကာတွန်းတွေအကြောင်း နည်းနည်းပါ
- ရှင်ရေး(ဆူးရစ်နွယ်)
- မင်းနဲ့ငါ တစ်ညတာ(နေမျိုး)
- ကဗျာ နာမည်က *ပုသိမ်*
- SY(Conservation A)
- မြတ်ကျော်
- ညီမလေးကို ထိန်းတဲ့နေ့ (မင်းကိုနိုင်)
- လင်းခါး(တစ်ယောက်တည်းမဟုတ်ပါဘူးလို့တစ်ယောက်တည်း ပြောပြောပြီး ငိုကြရတဲ့ အကြောင်းများ)
- ထွေးထွေးမေ(ကျော်မျိုး)
- လူဆိုတာအနွေးဓာတ်လိုတယ်(ပိုင်စိုးဝေ)
- ဂစ်တာဝိုင်း(ဇေယျာတိုး)
- လင်းခါး(အပွင့်ကြီးကြီးလှလှ)
- ပိုင်စိုးဝေ(အမေ့အတွက် ကတ်သလောက်စာအုပ်သစ်)
- လင်းခါး(တီရှပ်မြစ်ကြီး)