Ep 002: Around The World with Sai Zom Pha

15/03/2024 58 min Episodio 2
Ep 002: Around The World with Sai Zom Pha

Listen "Ep 002: Around The World with Sai Zom Pha"

Episode Synopsis

Around The World Podcast Series ခရီးစဉ်မှ ပြန်လည်ကြိုဆိုပါတယ်။ ဒီတစ်ပတ် Podcast မှာ ဖိတ်ကြားထားပြီး စကားပြောဖြစ်သူကတော့ ဆိုင်ကယ်တွေနဲ့ သဘာ၀တရားကိုချစ်မြတ်နိုးသူ သူငယ်ချင်း ကိုစိုင်း(စိုင်းဇွန်ဖ) ပဲဖြစ်ပါတယ်။ သူနဲ့အတူတူ ကျွန်တော်တို့ ဖြတ်သန်းဖူးခဲ့တဲ့ ၁၀ တန်းကျောင်းသား ကာလတွေနဲ့ ၂၀၀၀ ခုနှစ်လောက်က နိုင်ငံခြားကိုထွက်ပြီး ပညာသင်ကြားရင်း ဘ၀အခွင့်အလမ်းသစ်တွေ ရှာဖွေခဲ့ကြပုံတွေ၊ အလုပ်အကိုင်တွေနဲ့ ရင်းနှီးပေးဆပ်ကာ ဘ၀အတွက်တစ်ဆင့်ခြင်း တက်လှမ်းခဲ့ရပုံတွေကို ပြန်ပြောဖြစ်ခဲ့ကြပါတယ်။များစွာသော အကြောင်းအရာတွေထဲက ကောက်နုတ် တင်ပြလိုတာကတော့ ဘယ်အရာမှ လွယ်လွယ်မရဘူးဆိုပေမယ့်လည်း ကြိုးစားရင် တက္ကသိုလ်ပညာရေးကိုတောင် အခမဲ့တက်ရောက်ခွင့်ရခဲ့တယ်ဆိုတာပါပဲ။အားလုံခြုံငုံမိသွားအောင် Around The World Podcast #2 Full Spectrum Conversations with Ko Sai ကို ဆက်လက်နားဆင်ပေးသွားဦးခင်ဗျာ။